Sayar Pe Myint
ယခုပထမဦးဆုံးအဖြစ် “စာရေးဆရာ ဖေမြင့်”နှင့် စာဖတ်သူများကိုစတင်မိတ်ဆက်လိုက်ပါသည်။

စာပေရေးရာနှင့် ပတ်သက်၍လည်းကောင်း အခြားနှစ်သက်ရာ အကြောင်းအရာများကိုလည်းကောင်း ရေးသားပေးပို့ခြင်း၊ ဆက်သွယ်ခြင်းမေးခြင်းပြုနိုင်ကြပါသည်။
၂၀၁၀ပြည့်နှစ် မတ်လ ၁၀ ရက်နေ့နောက်ဆုံးထား၍ မေးခွန်းများစုစည်းပြီး ရက်မကြာမီဆရာမှပြန်လည် ဖြေကြားပေးပါမည်။
စာဖတ်သူများအား စာရေးဆရာ ဖေမြင့် နှင့် အထူးမိတ်ဆက်ပေးရန်ပင် လိုမည်မဟုတ်ပါ၊ ၁၉၇၅ခုနှစ် မှစ၍ ယခုအထိ စာအုပ်ပေါင်း ၄၀အုပ် ရေးသားထုတ်ဝေထားသူဖြစ်ပြီး လူငယ်ထုမှတ်ဥာဏ်ထဲတွင် စွဲမြဲနေသည့် စာရေးဆရာ စာရင်းတွင်အမြဲတန်းပါဝင်နေသူဖြစ်သည်ဆိုလျှင် လွန်အံ့မထင်ပါ။
ထို့ကြောင့်ဆရာ့ အကြောင်းအရာအကျဉ်းချုပ်နှင့် စာအုပ်စာရင်း (မှတ်သားထားလိုသူများအတွက် ရည်ရွယ်၍) တင်ပြလိုက်ပါသည်။

အမည်ရင်း - ဦးဖေမြင့်
မိဘ - ဦးအောင်ညိမ်း ဒေါ်ခင်သိန်း
မွေးနေ့ - ၁၉၄၉
မွေးရပ် - သံတွဲ
ဘွဲ့ - M. B. B. S. (IM1 Yangon) 1975
လုပ်သက် - အထွေထွေကု ပြင်ပဆရာဝန် အဖြစ် ၁၀ နှစ်ခန့် နှင့် (ယခုတိုင်)စာရေးခြင်း တစ်ခုတည်း။
တာဝန်များ - စာပေဂျာနယ် ၊ သင့်ဘ၀မဂ္ဂဇင်း ၊ ဒီလှိုင်းမဂ္ဂဇင်းများတွင် (အယ်ဒီတာ)။

ထုတ်ဝေရေးသားခဲ့သော စာအုပ်များ
၁ ဆေးရုံ (၁၉၇၅)
၂ လူနာဆောင် အမှတ်ခြောက် (၁၉၇၇)
၃ အချစ်ဦး (၁၉၈၈)
၎ ကျွန်းနှင့် အခြားဝတ္ထုတိုများ (၁၉၉၀)
၅ ဟောနည်းပြောနည်း ကိုယ့်ဘက်ပါအောင်စည်းရုံးနည်းများ (၁၉၉၀ / ၁၉၉၈)
၆ အောင်မြင်မှု ချမ်းသာသုခနှင့် ဓနဥစ္စာ (၁၉၉၂)
၇ မရဏာနုဿတိနှင့် အခြားဝတ္ထုတိုများ (၁၉၉၃)
၈ မဟာကရုဏာရှင်များ (၁၉၉၃)
၉ ချုံကြားမှဘုံဖျားသို့ (၁၉၉၃)
၁၀ မူမှန်စိတ် မူမှန်အတွေး မူမှန်အကျင့်အကြံ(၁) (၁၉၉၃)
၁၁ သင့်စိတ်အတွေးအကြံများအတိုင်းသာ (၁၉၉၃)
၁၂ စိတ်၏ သတ္တိစွမ်းအားများ (၁၉၉၃)
၁၃ အပြောင်မြောက်ဆုံးဘဝတစ်ခု တည်ဆောက်ခြင်း (၁၉၉၄)
၁၄ စိန်မြေဧကပေါင်းများစွာ (၁၉၉၅)
၁၅ ကိုယ့်ထူးကိုယ်ချွန်သမားအတွက် လက်စွဲစကားများ (၁၉၉၅)
၁၆ ဘဝဒဿန ရသများ (၁၉၉၅)
၁၇ လူသုံးပစ္စည်းရောင်းသူများနှင့် အခြားဝတ္ထုတိုများ (၁၉၉၅)
( အမျိုးသားစာပေဆု ဝတ္တုတိုပေါင်းချုပ် ၁၉၉၅)
၁၈ မူမှန်စိတ် မူမှန်အတွေး မူမှန်အကျင့်အကြံ(၂) (၁၉၉၅)
၁၉ ဒေးလ်ကာနယ်ဂျီ၊ လူသန်းပေါင်းများစွာတို့၏ ဘဝကိုပြောင်းလဲစေခဲ့သူ (၁၉၉၆)
၂၀ မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား (၁၉၉၆)
၂၁ ဦးနှောက်တွင် ရင်းနှီးမြှပ်နှံပါ (၁၉၉၇)
၂၂ ဘာကြောင့်ခုထိ မချမ်းသာသေးတာလဲ (၁၉၉၇)
၂၃ ကိုယ်ပိုင်လုပ်ငန်းနဲ့ ကြီးပွားမယ့် ပုဂ္ဂိုလ် (၁၉၉၇)
၂၄ ခေါင်းဆောင်စိတ် ခေါင်းဆောင်အတွေး (၁၉၉၇)
၂၅ ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ် (၁၉၉၇)
၂၆ နှလုံးသားအဟာရ ရသစာများ (၁) (၁၉၉၇)
၂၇ နှလုံးသားအဟာရ ရသစာများ (၂) (၁၉၉၈)
၂၈ မည်သို့ပင်ဖြစ်စေ (၂၀၀၀)
၂၉ နှလုံးသားအဟာရ ရသစာများ (၃) (၂၀၀၀)
၃၀ ပြောတတ်ဆိုတတ် ပေါင်းသင်းတတ်တဲ့သူ (၂၀၀၁)
၃၁ ဂျီးနိယပ်(စ) (၂၀၀၂)
၃၂ စာဖတ်သမား၏ မှတ်စုများ (၂၀၀၃)
၃၃ စိတ်ဓာတ်နှင့်နည်းနာ (၂၀၀၄)
၃၄ တနှ်ဖိုးထားအပ်သော အရာများ (၂၀၀၄)
၃၅ ဆတ်သေချောင်းဒဏ္ဍရီနှင့် အခြားဝတ္ထုတိုများ (၂၀၀၅)
၃၆ ဦးနှောက်နှင့် နှလုံးသား (၂၀၀၅)
၃၇ အားပြင်းတဲ့ မြားတစ်စင်း (၂၀၀၅)
၃၈ စီးပွားရေးတွေးခေါ်ရှင်များ (၂၀၀၇)
၃၉ နာမည်တစ်လုံး ရမလာခင်တုန်းက (၂၀၀၈)
၄၀ စာအုပ်ကမ္ဘာ (၂၀၀၉)

Click Here to view Answers of Sayar Pe Myint.
ဒုတိယလဖြစ်သော မတ်လ အတွက် “ဆရာ နေဝင်းမြင့်” နှင့် “ဆရာမ ခင်ခင်ထူး” တို့အား မေးခွန်းများ မေးမြန်းနိုင်ကြမည် ဖြစ်ပါသည်။
တတိယလဖြစ်သော ဧပြီလ အတွက် “ဆရာ ဝင်းငြိမ်း” အား မေးခွန်းများ မေးမြန်းနိုင်ကြမည် ဖြစ်ပါသည်။
Last Updated (Tuesday, 04 May 2010 11:39)


Comments
ကျွန်တော်ကဗျာဆရာတစ်ယောက်ဖြစ်ချ င်ပါတယ်။
ဘယ်လိုကြိုးစားသ င့်ပါသလဲ ကျေးဇူးပြုပြီး ဖြေကြားပေးပါခင် ဗျ
ဆရာ့ကိုလေးစားလျှက်........
ကျနော်က ပလောင်လူငယ်လေးတ စ်ဦးကပါ။ကျနော် မြို့မှာ စာပေဟောပြောပွဲ လေးတစ်ခုကျင်းပြ ခင်ပါတယ်၊ဒါပေမယ် စာရေးဆရာ အသိမိတ်ဆွေ မရှိသည့်အတွက် စားရေးဆရာများနှ င့်ဘယ်လိုတိုင် ပင်ဆောင်ရွတ်ရမလဲ မသိဘူးဖြစ်နေတယ် အဲဒီအတွက် ဘယ်လိုဆက်သွယ်ြ့ ပီးဆောင်ရွတ်ရမည်ဆိုတာဖြေကြားစေ လိုပါတယ်
မြန်မာတို့ရဲ့သြ င်္ကန်အကြိုရက်ကို ဘာပြုလို့နှစ်စဥ်နှစ်တိုင်း အင်္ဂလိပ်
ရက် အေပါယ် ၁၃ ရက်ကိုသတ်မှတ်နေ ရတာပါလဲ။
နှစ်ဆန်းတစ်ရက်ေ န့ကိုရောအဘယ်ကြောင့် တန်ခူးလဆန်းတစ်ရ က်
နေ့ကိုဘာပြုလို့ မသတ်မှတ်ရတာပါလဲ ခင်ဗျား။
အားလုံးအတွက်ဗဟု သုတဖြစ်ဖွယ်ေ ဖြကြားပေးစေချင်ပါတ ယ်။
ဆရာကိုယ်စိတ်အမြဲကျန်းမာပါစေ...
ဆရာ့ကို ဆရာ့ရဲ့ဘေဘီလုံမှာအချမ်းသာဆုံးပုဂိုလ်စာအုပ်ဖတ် ပြီ
ရင်းနှီးခဲ့တာပါ ..တိုးတက်ကြီးပွား ဖို့ကြိုးစားနေတဲ့ကျွန်မတို့လိုလူ
ငယ်အတွက် ဆရာ့စာအုပ်ကတကယ့် ကိုအဖိုးတန်ပါပဲ..သူငယ်
ချင်းတွေကိုတောင် ဖတ်နိုင်အောင်လို့လက်ဆောင်ဝယ်ဝယ်ပေးပါတယ်..သူတို့ကိုလည်း
အဲဒီထဲကဇာတ်ကောင်တွေအတိုင်းတိုး တက်ကြီးပွားအောင်
ဘယ်လိုနေထိုင်ရတ ယ်ဆိုတာသိစေချင် လို့ပါ..ဒီလိုပဲနောက်နော င်
ဒီထက်ကောင်းတဲ့စာအုပ်တွေကိုများ များထပ်ရေးနိုင် ဖို့ ကျန်း
မာရေးသုခအပေါင်း နဲ့ပြည့်စုံပါစေ လို့ဆုတောင်းပေး လိုက်ပါတယ်
နိုင်အောင်ကိုတန်ဖိုးရှိလှပါတယ် ..ဆရာရေးတဲ့စာအုပ်
တွေဟာလူငယ်တွေအတွက်အများကြီးအဖိုးတန်လှပါ
တယ်..လမ်းမသိတဲ့လူငယ် တစ်ယောက်ရဲ့လာရာ လမ်း မှာဆရာ့စာအုပ်တွေက လမ်းညွှန်တစ်ယောက်လိုပေါ့..
ဘာဘဲဖြစ်ဖြစ် ဆရာ့ကိုအများကြီးကျေးဇူးတင်လျက် ပါ..
ဆရာရဲ့နှလုံးသား က၀ါသနာကိုခန့်မှ န်းမိပါတယ်..
အစဉ်လေးစားလျက်ပါဆရာ...
ဆရာကိုယ်စိတ်အမြဲကျန်းမာပါစေ...
နိုင်အောင်ကိုတန်ဖိုးရှိလှပါတယ် ..ဆရာရေးတဲ့စာအုပ်
တွေဟာလူငယ်တွေအတွက်အများကြီးအဖိုးတန်လှပါ
တယ်..လမ်းမသိတဲ့လူငယ် တစ်ယောက်ရဲ့လာရာ လမ်း မှာဆရာ့စာအုပ်တွေက လမ်းညွှန်တစ်ယောက်လိုပေါ့..
ဘာဘဲဖြစ်ဖြစ် ဆရာ့ကိုအများကြီးကျေးဇူးတင်လျက် ပါ..
ဆရာရဲ့နှလုံးသား က၀ါသနာကိုခန့်မှ န်းမိပါတယ်..
အစဉ်လေးစားလျက်ပါဆရာ...
ဆရာကိုယ်စိတ်အမြဲကျန်းမာပါစေ...
မေးခွန်လေးများေ ဖြပေးစေချင်ပါတယ်..
၁)လူငယ်များဖတ်သ င့်သောစာအုပ်များ( ပြည်တွင်း/ ပြည်ပ ) ?
၂)တိုးတက်အောင်ြ မင်ချင်သောလူငယ် များတွင် ရှိနေရမဲ့စိတ်နေ စိတ်ထား ?
၃)အောင်မြင်စိတ် ချမ်းသာ၍ ပြီးပြည့်စုံသော ဘဝတခုဘယ်လိုတည်ေ စာက်ရမလဲ ?
၎)လူငယ်များဖတ်သ င့်သော အထုတ်ပတ်တိ စာအုပ် (5) အုပ်
၅)ဆရာထံမှ လူငယ်တွေအတွက် ဆုံးမစကားတခွန်း
လူငယ်တစ်ယောက်အေ နနဲ့ပါ။ တစ်သက်လုံး ရိုးသားခြင်းက
အခုခေတ်အတွက် ကောင်းမွန်နေပါ့ မလားခင်ဗျာ။ ဈေးကွက်စီးပွား
ရေးပွင့်လာတော့ ရိုးသားခြင်းတွေ လျော့နည်းလာနိုင်တယ်လို့
ယူဆမိပါတယ်။ အလုံးစုံတော့ မဟုတ်ပါဘူး။ အဲဒါ ဆရာ့အနေနဲ့ထင်မြ င်ချက်ပေးပါဦး။ ပြီးတော့ လူငယ်တွေအနေနဲ့
ယဉ်ကျေးမှုတွေလည်း ကူးလူဆက်ဆံမှုတွေများလာမယ်ထင်တယ်။ အဲဒီအတွက် မိဘတွေ ဆရာတွေက ပိုပြီးအာရုံစို က်သင့်တယ်။ ဒါပေမယ့် စီးပွားရေးကို အကြောင်းပြပြီးေ တာ့ လျစ်လျူရှုနေတာ မကောင်းဘူးလို့ ကျွန်တော်ယုံကြည်တယ်။ အခုလည်း ဒီလို ဖြစ်နေကြတာ တော်တော်များနြေ ပီဆရာ။ ပြီးတော့ နားလေးသူ တစ်ယောက်အနေနဲ့ပါ။ စာရေးသူဖြစ်ဖို့ ဆိုတာ ကန့်သတ်ချက်မရှိ လောက်ပါဘူးလို့ ထင်ပါတယ်။ အကြံပေးပါဦးခင် ဗျာ။ လေးစားစွာဖြင့် မောင်နိုင်လင်း
RSS feed for comments to this post.